ပုသိမ်မြို့ (မွန်: ဖာသီ)သည် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ လူဦးရေ ၃၀ဝ၀ဝ၀ကျော် နေထိုင်ပြီး ရန်ကုန်မြို့၏ အနောက်ဘက် ၁၁၈မိုင် အကွာတွင် တည်ရှိသည်။ ငဝန်မြစ်ကမ်းပေါ်တွင် တည်ထားသော မြို့ဖြစ်ပြီး ပင်လယ်ဝမှ ၇၅မိုင် ကွာဝေးသော်လည်း ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ရောက်နိုင်သဖြင့် မြန်မာနိုင်ငံတွင် ကုန်းတွင်းအကျဆုံး ပင်လယ်ဆိပ်ကမ်းမြို့ကြီးဖြစ်သည်။ပုသိမ်မြို့သည် ရှေးမွန်မြို့ဟောင်းကြီး တစ်မြို့ဖြစ်ခဲ့လေသည်။